menu

Promotions and Campaigns


အမြင့်ဆုံး အတိုးနှုန်းရရှိမည့် ရိုးမဘဏ် နှစ် (၃၀) ပြည့် အထူးအစီအစဉ် 

Yoma Bank
ရိုးမဘဏ်တွင် ငွေစုသူများ၏ တစ်ခဲနက်တောင်းဆိုမှုအရ အမြင့်ဆုံးအတိုးနှုန်း ရယူနိုင်မဲ့ ရိုးမဘဏ်ရဲ့အထူးအစီအစဉ်ကာလကို တရုတ်နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီလကုန်ထိ တိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ Super Fixed Deposit Account နှင့် Flexi Call Account တို့တွင် ငွေအပ်နှံပြီး အမြင့်ဆုံးအတိုးနှုန်းတွေ ရယူနိုင်ပါပြီ။ မိမိနှစ်သက်ရာ အပ်ငွေစာရင်းများကိုရွေးချယ်အပ်နှံပြီး ခုပဲ အမြင့်ဆုံးအတိုးနှုန်းခံစားခွင့်တွေ ရယူလိုက်ပါ။

ပရိုမိုးရှင်းကာလ: ဒီဇင်ဘာလ ၂၂ ရက် ၂၀၂၃ မှ ဖေဖော်ဝါရီလ ၂၉ ရက် ၂၀၂၄

ပရိုမိုးရှင်းအသေးစိတ်:
Super Fixed Deposit Account တွင်
 - ရက် (၉၀) အပ်နှံပါက အမြင့်ဆုံးအတိုးနှုန်း up to 9.7% p.a.
- ရက် (၃၀)အပ်နှံပါက အမြင့်ဆုံးအတိုးနှုန်း up to 8.5% p.a. ရယူနိုင်ပါတယ်။
 Flexi Call Account တွင် အပ်နှံပါက
 - အမြင့်ဆုံးအတိုးနှုန်း up to 8% p.a. အထိ ရယူနိုင်ပါတယ်။

 ဒါ့အပြင် Super Fixed Account အပ်ငွေအတွက် အတိုးကြိုထုတ်နိုင်တဲ့ ခံစားခွင့်တွေပါ ရရှိမှာဖြစ်လို့ ရိုးမဘဏ် နီးစပ်ရာ ဘဏ်ခွဲတွေမှာ စာရင်းအသစ်ဖွင့်လှစ်ပြီး ငွေသားအပ်နှံကာ ပါဝင်နိုင်သလို Yoma Bank Next Mobile Application မှာလည်း စာရင်းအသစ်ဖွင့်လှစ်ပြီးပါဝင်နိုင်ပါတယ်။



"𝗦𝗔𝗩𝗘 𝗠𝗢𝗥𝗘, 𝗪𝗜𝗡 𝗠𝗢𝗥𝗘" အထူးအခွင့်အရေး အစီအစဥ် 

Yoma Bank
ရိုးမဘဏ် Customer များအတွက် Flexi Savings အကောင့်တွင် ငွေကျပ် (၃) သိန်း စုပြီး လစဉ်ကံထူးဆုအပြင် အထူးဆုကြီးပေါင်းများစွာ ကံထူးနိုင်မဲ့ "𝗦𝗔𝗩𝗘 𝗠𝗢𝗥𝗘, 𝗪𝗜𝗡 𝗠𝗢𝗥𝗘" အထူးအခွင့်အရေး အစီအစဥ်ကို မိတ်ဆက်ပေးလိုက်ပါပြီ။ 

"𝗦𝗔𝗩𝗘 𝗠𝗢𝗥𝗘, 𝗪𝗜𝗡 𝗠𝗢𝗥𝗘" ဆိုတဲ့ အထူးအခွင့်အရေးကြီးဆိုတာ Flexi Savings အကောင့်မှာ ငွေကျပ် (၃) သိန်းကို (၇) ရက်အပ်နှံရုံနဲ့ လစဉ်ဆုတွေ ကံထူးခွင့်အပြင် အထူးဆု (Grand Prize) ကံထူးခွင့်တွေပါ ထပ်ဆောင်းရရှိသွားမှာဖြစ်ပါတယ်။ ငွေကျပ် (၃) သိန်းကိုအပ်နှံပါက ကံစမ်းခွင့်တစ်ကြိမ် ရရှိမှာဖြစ်ပြီး အပ်ငွေတိုးလာတာနဲ့ ကံစမ်းခွင့်တွေတိုးလာမှာဖြစ်ပါတယ်။

ပရိုမိုးရှင်းကာလ: ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၄ မှ ဧပြီလ ၃၀ ရက် ၂၀၂၄

လစဉ်ဆု: လစဉ် Flexi Savings အကောင့်သို့ ၁,၀၀၀,၀၀၀ ကျပ် Cash Back (၃၀) ဆု နှင့် ၅၀,၀၀၀ ကျပ်နှင့် ညီမျှသော Pocket Coins ဆုပေါင်း (၁၀၀) ဆု

ဒါ့အပြင် မြန်မာ့နှစ်သစ်ကူး အထူးဆုကြီး (Grand Prize) နဲ့ အခြားဆုပေါင်း များစွာ ကိုလည်း အစီအစဉ်ကာလအပြီးတွင် ထပ်မံ ကံထူးနိုင်မဲ့အစီအစဉ်တစ်ခုဖြစ်ပါတယ်။ 

မြန်မာ့နှစ်သစ်ကူး အထူးဆုကြီး: ထိုင်းနိုင်ငံဘန်ကောက်သို့  (၃) ညအိပ် (၄) ရက် ခရီးစဉ် (၂ဦးစာ)  (၅)ဆု အတွက် ဈေးဝယ်ရန် ထပ်ဆောင်း USD 500 တန် Yoma Bank ဈေးဝယ်ကတ်ပါ အထူးဆုလက်ဆောင် အဖြစ်ပေးအပ်မှာဖြစ်ပါတယ်။

အခြားဆုလက်ဆောင်များ
- Memories Group ၏ ငွေကျပ် (၅) သိန်းတန် Gift Card (၂၀) ဆု
- Pun Hlaing Hospital & Clinic များတွင် ငွေကျပ် (၃) သိန်းတန် ဆေးစစ်ခွင့် (၁၅) ဆု
- Prudential Myanmar ငွေကျပ် (၈) သိန်းတန် Health Insurance (၅) ဆု စတဲ့အခြားဆုလက်ဆောင်များစွာကိုပါ ကံထူးနိုင်မဲ့ အထူးအစီအစဉ်ကြီးပဲဖြစ်ပါတယ်။

*အထူးအခွင့်အရေး အစီစဉ်ကာလ - ဖေဖော်ဝါရီလ (၁) ရက်နေ့မှ ဧပြီလ (၃၀) ရက်နေ့အထိပြုလုပ်သွားမှာဖြစ်ပြီး လစဉ်ဆု ကံထူးရှင်အား လစဉ် (၁) ရက်မှ (၁၀) ရက်အတွင်း ကြေညာပေးသွားမှာဖြစ်ပါတယ်။ အထူးဆု (Grand Prize) ကံထူးရှင်များအား မေလတွင် ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ 



များများသုံး၊ Cash Back ကံထူးခွင့်တွေများများရ

Yoma Bank
Flexi Everyday Card ကို ဇူလိုင် ၁ ရက် ၂၀၂၃ မှ စက်တင်ဘာ ၃၀ ရက် ၂၀၂၃ အတွင်း လစဥ် အနည်းဆုံး (၅) ကြိမ်၊ စုစုပေါင်း ၂၅,၀၀၀ ကျပ်နှင့်အထက် သုံးပြီး Flexi Everyday အကောင့်သို့ ၁၀၀,၀၀၀ ကျပ် Cash Back ပြန်လည်ရယူလိုက်ပါ။

ပရိုမိုးရှင်းကာလ: ဇူလိုင်လ ၁ ရက် ၂၀၂၃ မှ စက်တင်ဘာလ ၃၀ ရက် ၂၀၂၃
ကံထူးသူ: တစ်လလျှင် အယောက် (၂၀)
ဆုငွေ: Flexi Everyday အကောင့်သို့ ၁၀၀,၀၀၀ ကျပ် Cash Back
 


ဘေလ်ဆောင်ရင်း Cash Back ကံထူးခွင့်တွေ ရယူကြမယ်

Yoma Bank
Yoma Bank Next App, Yoma Bank Mobile Banking App, Yoma Bank Online Banking နဲ့ ရိုးမဘဏ် ဘဏ်ခွဲများမှာ သြဂုတ်လ ၂၀၂၃ မှ အောက်တိုဘာလ ၂၀၂၃ အတွင်း အနည်းဆုံး (၂) ကြိမ်နှင့်အထက် ဘေလ်ဆောင်ပြီး Flexi Everyday အကောင့်သို့ ၅၀,၀၀၀ ကျပ် Cash Back ကံထူးခွင့်များ ရယူလိုက်ပါ။

ပရိုမိုးရှင်းကာလ: သြဂုတ်လ ၁ ရက် ၂၀၂၃ မှ အောက်တိုဘာလ ၃၀ ရက် ၂၀၂၃
ကံထူးသူ: တစ်လလျှင် အယောက် (၁၀)
ဆုငွေ: Flexi Everyday အကောင့်သို့ ၅၀,၀၀၀ ကျပ် Cash Back