menu

Home Renovation Loan

မိမိ နေထိုင်ရာ အိမ် (သို့) အိမ်အသစ်ကို စိတ်ကူးထဲက အိမ်ကလေးတစ်လုံးအဖြစ် ပြောင်းလဲပြင်ဆင် ပုံဖော်ဖန်တီးရန် အိမ်ပြုပြင်ခြင်း၊ ပြင်ဆင်ချဲ့ထွင်ခြင်းနှင့် အိမ်အလှဆင်ခြင်းတို့ အတွက် လျှောက်ထားနိုင်သော ချေးငွေအမျိုးအစား ဖြစ်ပါသည်။


အားသာချက်များ

  • မြေနှင့် အဆောက်အဦ(လုံးချင်းများ) အပြင် တိုက်ခန်းနှင့် ကွန်ဒိုများအတွက်ပါ ပြုပြင်မွမ်းမံ အလှဆင်ရန် လျှောက်ထားနိုင်ခြင်း။ 
  • အိမ်သုံး ပရိဘောဂနှင့် အိမ်တွင်းသုံးလျှပ်စစ် ပစ္စည်းများ ဝယ်ယူရန်အတွက်ပါ လျှောက်ထားနိုင်ခြင်း။
  • ချေးငွေသက်တမ်း (၁၅)* နှစ်* ထိ အများဆုံး ရယူနိုင်ခြင်း။
  • မိသားစု အိမ်ထောင်စုဝင်များ အားလုံး၏ ဝင်ငွေဖြင့်လည်း အတူတကွ စုပေါင်း လျှောက်ထားနိုင်ခြင်း။
  • ရိုးမဘဏ်တွင် အိမ်ရာချေးငွေ ရယူထားပါက ပိုမို မြန်ဆန်စွာဖြင့် ထပ်ဆင့်ချေးငွေ ရယူနိုင်ခြင်း။ 
*နှုန်းထားများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။


အတိုးနှုန်း၊ ဝန်ဆောင်ခ နှင့် ချေးငွေ သတ်မှတ်ချက်

အတိုးနှုန်း ၁၀% p.a.*
ချေးငွေသက်တမ်း အများဆုံး - (၁၅) နှစ် အထိ
ရာဖြတ်နှင့် ရှေ့နေ့ခအပါအဝင် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အသုံးစရိတ် ဝန်ဆောင်မှုကြေး ၂၅၀,၀၀၀/- ကျပ် (သို့) ခွင့်ပြုချေးငွေပမာဏ၏ ၁.၅% 
ချေးငွေကာလ သုံးနှစ်အတွင်း အစောပိုင်း ပြန်လည်ပေးဆပ်မှု ဝန်ဆောင်ခ ကျန်ရှိနေသော ချေးငွေ လက်ကျန် ပမာဏ၏ ၃% 
*နှုန်းထားများမှာ ပြောင်းလဲမှု ရှိနိုင်ပါသည်။


Home Renovation ချေးငွေ လျှောက်ထားရန် လိုအပ်ချက်များ

ချေးငွေလျှောက်ထားသူ
  • မှတ်ပုံတင် (မူရင်း) နှင့် အိမ်ထောင်စုစာရင်း (မူရင်း)
  • နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာ
  • အလုပ်အကိုင် (သို့) လုပ်ငန်း နှင့်ပတ်သက်သည့်အထောက်အထား
  • ဝင်ငွေရရှိသည့်အထောက်အထား
  • နေအိမ်ပိုင်ဆိုင်မှုနှင့်စပ်လျဉ်းသည့် အထောက်အထားများ
*ချေးငွေသက်တမ်း ကာလအတွင်း အတိုးနှုန်းကို ရိုးမဘဏ်၏ ဆုံးဖြတ်ချက်ကြောင့် သော်လည်းကောင်း၊ ဗဟိုဘဏ်မှ အတိုးနှုန်းထား ပြောင်းလဲခြင်းကြောင့် သော်လည်းကောင်း အချိန်မရွေးပြောင်းလဲ ပြင်ဆင်မှု ရှိနိုင်သည်။ 

Note
လိုအပ်သော စာရွက်စာတမ်းအပြည့်အစုံအတွက် နီးစပ်ရာ ရိုးမဘဏ်ခွဲရှိ အိမ်ရာချေးငွေကျွမ်းကျင်သူဝန်ထမ်းများဖြင့် ဆွေးနွေးတိုင်ပင်ပါ။

ချေးငွေလျှောက်ထားသည့် Customers များသတိပြုရန် - ပုံမှန်လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ဝန်ဆောင်ခမှလွဲ၍ အခြားသော အပိုငွေကြေးများကောက်ခံခြင်းမရှိသောကြောင့် ပြင်ပလုပ်ငန်းစုများမှတဆင့် အခကြေးငွေပေးသွင်းပြီးလုပ်ဆောင်ပါက ဘဏ်နှင့်သက်ဆိုင်မှုမရှိကြောင်း၊ ချေးငွေအတည်ပြုမှုနှင့် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အဆင့်ဆင့်များအတွက် စုံစမ်းမှုများကို ရိုးမဘဏ်သို့သာ တိုက်ရိုက်ဆက်သွယ်မေးမြန်းပါရန် အသိပေးအပ်ပါသည်။  


အိမ်ပြုပြင်မွမ်းမံခြင်းနှင့် အိမ်သုံး Appliance များဝယ်ယူနိုင်ရန်
ရိုးမဘဏ်နှင့် ချိတ်ဆက်ထားသော မိတ်ဖက်လုပ်ငန်းများ

ရိုးမဘဏ် Home Renovation ချေးငွေသည် သင့်စိတ်ကြိုက် ဝယ်ယူပြင်ဆင်မွမ်းမံခြင်းများပြုလုပ်ရန် ချေးငွေရယူနိုင်သလို၊ ဖော်ပြပါ Partner များထံတွင် လုပ်ငန်းအပ်နှံခြင်း (သို့မဟုတ်) အသုံးအဆောင်ပစ္စည်းများ ဝယ်ယူရာတွင် အကျိုးခံစားခွင့်များ ရရှိနိုင်သည့် အခွင့်အရေးများ ရှိသည့်အတွက် သက်ဆိုင်ရာလုပ်ငန်းများသို့ တိုက်ရိုက် စုံစမ်းမေးမြန်း၍လည်း ချေးငွေ ရယူနိုင်ပါသည်။

NoName ShowroomContact Detail 
1B E I K T H A N O Plus Interiors and Construction Company Limited
B E I K T H A N O I N T E R I O R S No. 306 (Ground Floor), Tower CL4, Star City, Thanlyin, Yangon, Myanmar. 

Phone: 09 970737907, 09 791450009
 2Melbourne Co.Ltd BATH & KITCHEN No. 11, Shukhinthar Myotpat Road, Tharkaeta Township, Yangon. 

Phone: 09 945145141, 09 880006340, 09 797775140
Pin Myint Yan Engineering & Construction Pin Myint Yan Engineering & Construction No. 74, Min Nandar Road, Bo Tun San ward, Dawbon Township, Yangon.

Phone: 09 751446005, 09 751446006 
Stanza Interior Design & Decoration Stanza Interior Design & Decoration No. 402(A), Ground Floor, Innwa Street, 6 ward, South Okkalapa Township, Yangon.

Phone: 09 255255210 
Super Tower Co.,Ltd. Golden Home Kitchen, Myanmar No.1555, Shukhinthar Myotpat Road, Tharkaeta Township, Yangon. 

Phone: 09 969721451, 09 969721448, 09 252002116, 09 427044075 
Trends Design Furnishing Co.,Ltd Trends Design Furnishing Co.,Ltd No. 146, U Tayoke Kyi Street, Hlaing Thar Yar Industrial Zone(4), Yangon.

Phone:  09 897168790 
7WANDA Int'l Enterprise Co.,Ltd Lotuslux
(Bathtub Solutions)  
No. 913/914, Pyay Road, Saw Bwar Gyi Gone Quarter, Insein Township, Yangon.

Phone: 09 777005791, 09 777005792